WINSHIELD ( ဝင်းရှီး )

ရာသီဥတုဒဏ်ခံနိုင်သောကြောင့် ပြင်းထန်စွာ နေရောင်ခြည်ဒဏ်ခံရသော နေရာများ၊ ပင်လယ်ဆားငံရေဒဏ်ခံရသော ပင်လယ်ကမ်းစပ်ရှိ အဆောက်အဦးများ၊ ဟိုတယ်များတွင် အတွင်းအပြင် အသုံးပြုနိုင်သည်။

နေအိမ်ကြမ်းခင်းများ၊ ပြတင်းတံခါးများ ၊ အပူအအေးဒဏ်ခံရသည့် စားပွဲမျက်နှာပြင်များ၊ ပရိဘောဂများ မျက်နှာကျက်၊ အခန်းနံရံများ နှင့် Outdoor အနုပညာလက်ရာများ တွင် အသုံးပြုနိ်ုင်ပါသည်။

ထူးခြားသော အာနိသင်

  • BHI Winshield သည် သစ်ကြောအတွင်း စိမ့်ဝင်နိုင်သောကြောင့် မျက်နှာပြင်အား အလွန်ကောင်းမွန်သော ကာကွယ်မှုကို ရရှိစေပါသည်။
  • ရာသီဥတုဒဏ်ကြောင့် ဖြစ်ပေါ်တတ်သော သစ်သားများ ရုန်းကန်ကွဲထွက်ခြင်းအတွက် အလိုက်သင့် ဆွဲဆန့် ညွှတ်ပြောင်းနိုင်သည့် အာနိသင်ရှိသော ဆေးဖြစ်ပါသည်။
  • ဖီလာကဲ့သို့အရောင်ယူနိုင်ခြင်း၊ ဆီလာကဲ့သို့ ဆေးသားဖြည့်တင်းနိုင်ခြင်း၊ လိုက်ကာကဲ့သို့ ခံနိုင်ရည်ရှိခြင်း စသည့် အာနိသင်များရှိသော ဆေးဖြစ်သောကြောင့် ဖီလာ၊ ဆီလာ၊ လိုက်ကာ အဆင့်ဆင့်သုံးစရာမလိုအပ်ဘဲ တစ်မျိုးထဲကို သုံးစွဲရသည့် အတွင်း၊ အပြင် ၂ မျိုးလုံး သုံးနိုင်သော ဆေးအမျိုးအစားဖြစ်သည်။
  • မည်သည့်ဆေးအုပ်စု အမျိုးအစားပေါ်တွင်မဆို ထပ်သုတ်ပြုပြင်နိုင်သည့် ဆေးအမျိုးအစားဖြစ်သည်။
    (ဓါတ်မတည့်၍ ကြွခြင်း၊ လောင်ခြင်းမရှိပါ)။

အသုံးပြုပုံ

  • BHI Putty (ပတ်တီး) ဖြင့် အပေါက်များ၊ အနာများကို ဖာပါ။
  • အခြောက်ခံပါ။ ကော်ပတ် (P 60/ 80 / 150) ဖြင့် စားပါ။
  • ဖျော်စပ်ထားသော ဆေးကို စုတ်တံ၊ ရိုလာ ၊ Spray gun တို့ဖြင့် အသုံးပြု၍ သုတ်ပါ။
  • ဆေးသားခြောက်သွေ့ချိန် * ၆ * နာရီ အထက် ။
  • အမှိန်အတွက် P-280, အပြောင်အတွက် P-320 နှင့် ကော်ပတ်စားပြီး သန့်ရှင်းရေးလုပ်ပါ။
  • ဆေးသားလိုအပ်သလို ၃ထပ် မှ ၅ထပ် အခြောက်ခံကော်ပတ်ရှပ်၍ လိုအပ်သော ဆေးသားထု ရရှိသည်အထိ အသုံးပြုနိုင်ပါသည်။
  • မိမိလိုချင်သော Colour (အရောင်) ရရှိပြီး ဆေးသားလိုအပ်ပါက (သို့) လိုက်ကာအဖြစ်အသုံးပြုလိုပါက
    ( Clear Gloss , Clear Matt , Clear 100%Matt ) တို့ကို ဆေးသားထု ရရှိသည်အထိ သုတ်နိုင်ပါသည်။

Antique ( 705 )

New Teak ( 708 )

Mahogany ( 704 )

Honeypine ( 706 )

Teak ( 701 )

Walnut ( 703 )

Wenge ( 707 )

Burma ( 709 )

Rose Wood ( 702 )

တစ်ကျင်းလျှင် ဆေးသားစပ်ပီး 1000 CC ခန့် ကုန်ကျနိုင်ပါသည်။ (တစ်ကုတ်)

720-Clear Gloss, 721-Clear Matt, 724-Clear Matt(100%) , Colour (9) မျိုး (အမှိန်/ အပြောင်)

Packing – 0.26 Litre, 1 Litre, 5 Litre

Address

G-1, Wayzayanta Housing, Wayzayanta Rd, Thingangyun Tsp, Yangon.

Phone Number

01 757 1436 , 757 2059 , 356 4349 ,
356 4054

Mail Address

info@bhipaints.com