WINSHIELD ( ဝင်းရှီး )
ရာသီဥတုဒဏ်ခံနိုင်သောကြောင့် ပြင်းထန်စွာ နေရောင်ခြည်ဒဏ်ခံရသော နေရာများ၊ ပင်လယ်ဆားငံရေဒဏ်ခံရသော ပင်လယ်ကမ်းစပ်ရှိ အဆောက်အဦးများ၊ ဟိုတယ်များတွင် အတွင်းအပြင် အသုံးပြုနိုင်သည်။
နေအိမ်ကြမ်းခင်းများ၊ ပြတင်းတံခါးများ ၊ အပူအအေးဒဏ်ခံရသည့် စားပွဲမျက်နှာပြင်များ၊ ပရိဘောဂများ မျက်နှာကျက်၊ အခန်းနံရံများ နှင့် Outdoor အနုပညာလက်ရာများ တွင် အသုံးပြုနိ်ုင်ပါသည်။
ထူးခြားသော အာနိသင်
- BHI Winshield သည် သစ်ကြောအတွင်း စိမ့်ဝင်နိုင်သောကြောင့် မျက်နှာပြင်အား အလွန်ကောင်းမွန်သော ကာကွယ်မှုကို ရရှိစေပါသည်။
- ရာသီဥတုဒဏ်ကြောင့် ဖြစ်ပေါ်တတ်သော သစ်သားများ ရုန်းကန်ကွဲထွက်ခြင်းအတွက် အလိုက်သင့် ဆွဲဆန့် ညွှတ်ပြောင်းနိုင်သည့် အာနိသင်ရှိသော ဆေးဖြစ်ပါသည်။
- ဖီလာကဲ့သို့အရောင်ယူနိုင်ခြင်း၊ ဆီလာကဲ့သို့ ဆေးသားဖြည့်တင်းနိုင်ခြင်း၊ လိုက်ကာကဲ့သို့ ခံနိုင်ရည်ရှိခြင်း စသည့် အာနိသင်များရှိသော ဆေးဖြစ်သောကြောင့် ဖီလာ၊ ဆီလာ၊ လိုက်ကာ အဆင့်ဆင့်သုံးစရာမလိုအပ်ဘဲ တစ်မျိုးထဲကို သုံးစွဲရသည့် အတွင်း၊ အပြင် ၂ မျိုးလုံး သုံးနိုင်သော ဆေးအမျိုးအစားဖြစ်သည်။
- မည်သည့်ဆေးအုပ်စု အမျိုးအစားပေါ်တွင်မဆို ထပ်သုတ်ပြုပြင်နိုင်သည့် ဆေးအမျိုးအစားဖြစ်သည်။
(ဓါတ်မတည့်၍ ကြွခြင်း၊ လောင်ခြင်းမရှိပါ)။
အသုံးပြုပုံ
- BHI Putty (ပတ်တီး) ဖြင့် အပေါက်များ၊ အနာများကို ဖာပါ။
- အခြောက်ခံပါ။ ကော်ပတ် (P 60/ 80 / 150) ဖြင့် စားပါ။
- ဖျော်စပ်ထားသော ဆေးကို စုတ်တံ၊ ရိုလာ ၊ Spray gun တို့ဖြင့် အသုံးပြု၍ သုတ်ပါ။
- ဆေးသားခြောက်သွေ့ချိန် * ၆ * နာရီ အထက် ။
- အမှိန်အတွက် P-280, အပြောင်အတွက် P-320 နှင့် ကော်ပတ်စားပြီး သန့်ရှင်းရေးလုပ်ပါ။
- ဆေးသားလိုအပ်သလို ၃ထပ် မှ ၅ထပ် အခြောက်ခံကော်ပတ်ရှပ်၍ လိုအပ်သော ဆေးသားထု ရရှိသည်အထိ အသုံးပြုနိုင်ပါသည်။
- မိမိလိုချင်သော Colour (အရောင်) ရရှိပြီး ဆေးသားလိုအပ်ပါက (သို့) လိုက်ကာအဖြစ်အသုံးပြုလိုပါက
( Clear Gloss , Clear Matt , Clear 100%Matt ) တို့ကို ဆေးသားထု ရရှိသည်အထိ သုတ်နိုင်ပါသည်။
Antique ( 705 )
New Teak ( 708 )
Mahogany ( 704 )
Honeypine ( 706 )
Teak ( 701 )
Walnut ( 703 )
Wenge ( 707 )
Burma ( 709 )
Rose Wood ( 702 )
တစ်ကျင်းလျှင် ဆေးသားစပ်ပီး 1000 CC ခန့် ကုန်ကျနိုင်ပါသည်။ (တစ်ကုတ်)
720-Clear Gloss, 721-Clear Matt, 724-Clear Matt(100%) , Colour (9) မျိုး (အမှိန်/ အပြောင်)
Packing – 0.26 Litre, 1 Litre, 5 Litre
Address
G-1, Wayzayanta Housing, Wayzayanta Rd, Thingangyun Tsp, Yangon.
Phone Number
01 757 1436 , 757 2059 , 356 4349 ,
356 4054
Mail Address
info@bhipaints.com